Saturday, June 12, 2010

အတွေးနယ်လွန်ချိန်

I ♥ YOU

လမင်းရဲ့အန်ဖတ်
ကြယ်တွေရဲ့ တံတွေးစက်တွေနဲ့
မလင်းတလင်း အလင်းစက်တွေ
ရှိနေပေမယ့်
ရင်ထဲမှာတော့
ကြေကွဲခြင်းဆိုတဲ့
အမှောင်ထုကို
ဖြတ်သန်းနေရပါပြီ . . . .
မင်ကို မြတ်နိုးလို့
မင်းအလိုကျ
အသုံးတော်ခံခဲ့ရတဲ့
ငါနှလုံးသားကတော့
အချစ်ဆိုတဲ့
အရာတွေစိတ်သုဉ်း
အမုန်းရပ်ဝန်းထဲ
ရောက်သွားခဲ့တာ
မင်းသိထားပါ . . . .
မင်းအတွက်ကြောင့်
ရခဲ့တဲ့ ဒဏ်ရာတွေကို
ပြန်တွေးတိုင်း
ငါအသိစိတ်က
ဆုံးဖြတ်တာက
ငါမမှားဘူး
ဒါပေမယ့်
မင်းမှန်ပါတယ် ချစ်သူ . . . .. .

ချစ်လွန်းသူဖြိုး

No comments: