Wednesday, July 29, 2009

သိစေချစ်သူ

I ♥ YOU
အချစ်ဆိုတဲ့အရာတခုကို
မေ့ဖျောက်ထားတဲ့ကိုယ်အတွက်
ရုတ်တရက်ဆိုသလို
ထောင့်ချိုးတနေရာက
ခိုဝင်ရောက်လာခဲ့တယ်......
မာလှပြီလိုထင်ထားတဲ့
ကိုယ်အသဲနှလုံးက
ကျရှုံးမှန်းမသိကျရှုံးစေတယ်
ဒါပေမဲ့ ငါကျေနပ်တယ်....ချစ်သူ......
ပြောင်းလွဲသွားတဲ့ ငါစိတ်တခုကို
လည်းအံသြမိသလို
မင်းနဲ့ပတ်သက်လာရင်
ငါရဲ့မသိစိတ်ကပဲဖြစ်ဖြစ်
သိစိတ်ကပဲဖြစ်ဖြစ်
အလိုလိုလက်ခံမူတွေကလေ.....
သူနဲ့အတူရှိနေရင် ငါပျော်တတ်လာတယ်
တခါတရံ သူစိတ်ဆိုးရင် ချော့ချင်လာတယ်
သူငိုနေ၊ဝမ်းနည်းနေရင် အားပေးချင်တယ်
သူပျော်ရင်အလိုလိုပျော်တတ်လာတယ်
သူကြောင်းတွေးရင်ကြည်နူးရတယ်
သူအတွက်အရာရာပေးဆပ်ချင်တယ်
ချစ်သူလက်ခံမယ်ဆိုရင်ပေါ့.....
ဒါပေမဲ့ တစိမ်းဆံလွန်းတဲ့ စကားလုံးတွေနဲ့
ပြစ်ခွါသွားမှာကိုတော့
စိုးရိမ်မိတယ်....ချစ်သူရယ်....

ချစ်လွန်းသူ