Sunday, August 1, 2010

လွဲမှားခြင်း

I ♥ YOU


ငါမင်းကိုသတိရနေတဲ့အချိန်
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို သတိရနေတယ်


ငါမင်းကို လွမ်းနေချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို လွမ်းနေတယ်

ငါမင်းကို တမ်းတချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တမ်းတနေတယ်

ငါမင်းကို တွေ့ချင်နေတဲ့အချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တွေ့ချင်နေတယ်

ငါမင်းကို အိမ်ပြန်ချိန်တိုင်း နမ်းခဲ့တဲ့ မင်းပါးပြင်ကို
အခုချိန်မှာ
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်က မင်းရဲ့ပါးပြင်ကို နမ်းနေလောက်ပီပေါ့

ငါမင်းကိုတွဲခဲ့၊ ကမ်းခဲ့ တဲ့လက်တွေနေရာမှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်ကို မင်းရဲ့ လက်တွေတွဲခဲ့၊ ကမ်းခဲ့ ပြီပေါ့

ငါမင်းကို ဘ၀ကိုအတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဘ၀ကိုအတူတူရင်ဆိုင်ချင်နေတယ်

ဒါလေးပါပဲ မင်းနဲ့ ငါနဲ့လွဲမှားခြင်းက
အဲဒီ လွဲမှားခြင်းတွေဟာ
ဘယ်တော့မှ
မလွဲမှားခြင်းဆိုတာ ပြန်မဖြစ်နိုင်တော့တဲ့အရာတွေပေါ့
အဲဒီလွဲမှားခြင်းကြောင့်ပဲ မင်းနဲ့ ငါနဲ့ ဝေးခဲ့ရတာ
အဲဒီလွဲမှားခြင်းတွေကြောင့်ပဲ . . .

ချစ်လွန်းသူဖြိုး