Tuesday, July 14, 2009

ရူးမိုက်ခြင်းရဲ့ ဆန္ဒ

မြင်တွေ့ခြင်တာက......မင်းရုပ်လွှာ

ကြားချင်မိတာက ......မင်းအသံ

နေချင်မိတာက..........မင်းအနား

ဒါပေမဲ့......ဘဝကံတရားက

ပိုင်းခြားထားတော့၊အလွမ်းဆိုတဲ့

ဒုထည်ကြီးကိုရင်မှာပိုက်

ဘယ်တော့မှနီးရမလဲဆိုတဲ့

အတွေးအိမ်မက်မှုန်ဝါးဝါးတွေကြားမှာ

ရူးမိုက်စွာပျော်ပိုက်နေတဲ့...“ငါ့ ” အတွက်

နောက်ဆုံးမင်းစီက ရရှိလိုက်တာက အပြုံးလေးတစ်ချက်ပါ.....ချစ်သူ....

ငါချစ်မိသူအား I love you လို့ပြောမိတဲ့အချိန်တိုင်း သူ့စီက ပြန်ရတာ Me2 ပါတဲ့

စမ်းချောင်းငယ်

ရင်မှာ စမ်းချောင်းငယ်တစ်ခုရှိတယ်
အမုန်းမြစ်ထဲကို စီးဝင်သွားတယ်
ဒေါသလှိုင်းတွေကြောင့် အချစ်လှေလေးပျက်ခဲ့ရတယ်
ဒါပေမယ့် လှေလေးဟာ စိတ်မဆိုးခဲ့ဘူး
ဘာလို့လည်းဆိုတော့ တစ်ချိန်တုန်းက သူဟာ လှိုင်းလေးတွေကို နှိပ်စက်ခဲ့လို့ပဲ . . .