Tuesday, December 22, 2009

သတိရစိတ်

ကားဂိတ်ထဲမှာ ငါတစ်ယောက်တည်းရပ်နေဆဲ
ဘေးနားကို ပြန်ကြည့်မိတော့
မင်းမရှိ
အနောက်ဘက်ကို လှည့်ကြည့်တော့လည်း
မင်းမရှိ
အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာစုံသွားပြီ
လိုက်ရှာပါသော်လည်း
မင်းရဲ့ အရိပ်အယောင်လေးကိုမှ ငါမမြင်တွေ့ခဲ့ရ
ဒီလိုရက်မျိုး ဘယ်နှစ်ရက်ရှိနေခဲ့ပြီလဲ
ဒီလိုမျိုး ငါအရူးတစ်ယောက်လိုလိုက်ရှာနေမိတာလဲ
ဘယ်နှစ်ရက်ရှိပြီလဲ
တစ်ခါတစ်လေ မင်းရဲ့ ကိုယ်သင်းရနံ့ကိုရလိုက်ရုံနဲ့
မင်းများလားလို့ လိုက်ကြည့်မိတာလည်းအကြိမ်ကြိမ်
တိုက်ဆိုင်မှုရှိတိုင်းလဲ သတိရမိတာအကြိမ်ကြိမ်
ဒီလို လွမ်းနေရုံနဲ့ပဲ . . . . . . . . .
အိမ်ပြန်ချိန်ကို ဖြေသိမ့်နှစ်သိမ့်မှုနဲ့ပဲ
အိမ်ပြန်ခဲ့ရတာလည်း ရက်ပေါင်းအလီလီ
တစ်ယောက်တည်း အထီးကျန်စွာနဲ့ပဲ
အိမ်ပြန်ခဲ့ရတာလည်း ရက်ပေါင်းများစွာ
ပျင်းရိခြောက်သွေ့စွာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်
အရင်လိုမင်းမရှိတော့
အရင်လို မပျော်ရွှင်နိုင်တော့တာ
မင်းမှမသိခဲ့တာ . . . .
I ♥ YOU