Wednesday, October 21, 2009

I ♥ YOU
ငါ၏ရက်စက်မူ
အကြင်နာမဲ့လက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်သို့
နင့်ကိုခံစားစေခဲ့ခြင်းငှာ

ဒါပေမဲ့ချစ်ရသူရေ
ငါ၏အသဲ
နင်းချေစုတ်ဖြတ်
မင်းကျေနပ်မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်အရောက်
ဒူးထောက်ကာပင်
အရှုံးပေးလျက်
တစ်သက်တာအတွက်
ငါ၏အသည်း ပေးလှူခဲ့ပါ၏
ချစ်သူ.......
ငါ၏အချစ်ဆုံး
အချစ်ဦးမို့
တစ်သက်တာ
ထာဝရ
ဆက်ချစ်ခွင့်တော့ ရချင်သေး၏
♥ CHITLOON ♥

FOR ALWAYS MY LOVE

I ♥ YOU

ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ပြစ်ခွါခဲ့တာမဟုတ်.....
ငါ့ရဲ့ရင်ခွင်တံခါး
အစဉ်အမြဲဖွင့်ထားပါလျက်
မလာပါနဲ့လို့
တားနေတာလည်းမဟုတ်
ငါ့ရဲ့ရင်ထဲ နင်ဝင်ချင်ဝင်
ထွက်ချင်ထွက်
နင့်အတွက်ဆိုရင်အမြဲထာဝရ
တံခါးဖွင့်ထားလျက်ပါ။
တိတ်တဆိတ်နဲ့
နှုတ်စိတ်ထွက်ခွာ
ငါနဲ့ဝေးရာကို
နင် ထွက်သွားပေးပေမယ့်
အစဉ်အမြဲ သတိတရနေမှာပါ။
ဒါပေမဲ့ချစ်ခဲ့သူရေ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
နင့်ရဲ့အချစ်တစ်ခု
ခဏတာရခဲ့ပေမယ့်
တစ်သက်တာအတွက်
နင့်ရဲ့အချစ်အစပြုလို့
နင့်အပေါ်တွယ်နေတဲ့
ငါ့အချစ်၊ ငါ့သံယောဇဉ်၊ ငါ၏စိတ်တို့
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ဆက်၍ရှင်သန်ချစ်နေမည်
♥ CHITLOON ♥

Tuesday, October 20, 2009

ငါ့အချစ်ခြင်း

I ♥ YOU
မင်းရဲ့ရက်စက်
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........

ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ

......ချစ်လွန်း.......

ချစ်နေမယ်

I ♥ YOU
ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ငါကိုပြစ်ခွါ
ခဲ့ပြီဆိုတာလည်း
သိရပါပြီး.....
မင်းရဲ့ရင်ခွင်
တံခါးပိတ်လို့ထား
မလာပါနဲ့လို့
တာနေတာလည်း
ငါသိရပါပြီး.....
တိတ်တဆိတ်နဲ့
နုပ်စိပ်ထွက်ခွါ
ငါနဲ့ဝေးရာကို
မင်းပြေးနှင်နေ
တာကိုလည်း
င့ါသိခဲ့ရပါပြီး....
ဒါပေမဲ့ချစ်သူ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
မင်းရဲ့အချစ်တစ်ခု
အဖေါ်ပြုလို့
တွယ်နေတဲ့
ငါ့အချစ်၊ငါ့သံယောဇဉ်
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ချစ်နေမည်......နော်.....

.............ချစ်လွန်း.............

Wednesday, October 14, 2009

အနွံ့တာခံချစ်သူ

I ♥ YOU
ပျံလွင့်နေတဲ့ ... အတွေးတွေကို
ပြန်လည်စုစည်း ... အချစ်ပင်လယ်
ဝဲဂယက်ထဲမှာ... စုန်ဆန်မျောနေတဲ့...ငါ
အချစ်ကလမ်းခွဲ ... အမုန်းစကားတွေဆို
ကြို့လင့်နေလေတော့ ... အညိုးစိတ်မထား
အမုန်းမပွါးပါ .... ရင်မှာစွဲလမ်း
တမ်းတခြင်းကို ဖယ်ထုတ်၊ဒဏ်ရာ
ဆူးချက်ထိုးနှက် မိုးစက်တွေလို
ကျတဲ့မျက်ရည် မစဲပဲသည်းနှင်းပါစေ
ပင်သက်ရူရှိုက် အမိုက်မယူတော့ဘူး
ချစ်သူ.......
မင်းသွားလိုရာသွား....နားလိုရာနာမို့
မတားတော့ပါ.....တနေ့နားခိုရာမဲ့
ငါ့အချစ်ကိုလှည့်ကြည့်....တွေးမြင်ခဲ့ရင်
ငါ၏ရင်ခွင်.....ခိုဝင်မှေးစက်
အပြေးတက်ခဲ့ရင်လည်း.....ခရီးဦးကြိုဆို
နှုပ်ချိုချိုဖြင့်.....လာပါသွားပါ
မင်းလှမ်းခဲ့ပါ....ချစ်သူ....
ငါ့အချစ်တစ်ခု...နောင်အခါဝယ်
သစ္စာတိုင်တည်....ကတိဆိုမယ်
နောင်ဖွဲ့ခြင်းမဲ့....ဟောင်းခြင်းမဖြစ်
အချစ်သဒ္ဒါဖြိုးလို့....တိုးလို့ပိုချစ်
သွားမှာပါ....ချစ်သူ......
ချစ်လွန်း.......

Monday, October 5, 2009

ကျန်ရစ်ခဲ့သူ

I ♥ YOU
ချစ်တယ်လို့ မင်းပြောခဲ့တဲ့အချိန်
ငါ့ရင်ထဲ ခံစားချက်မဲ့
ငါတကယ်ချစ်တတ်လာတော့
မင်းက ငါကိုထားရစ်ခဲ့
ကံကိုအပြစ်မတင်ချင်
ကိုယ့်အပြစ်နဲ့ကိုယ်
ဘယ်သူမှားတယ်
ဘယ်သူမှန်တယ်
မဝေဖန်၊ မသုံးသပ်ချင်တော့။
ငါချည်တဲ့ကြိုး မခိုင်ခဲ့လို့ပဲလို့ သတ်မှတ်ခဲ့တယ်။
မင်းထားရစ်ခဲ့လည်း
ငါ နေရစ်ခဲ့ရမှာပေါ့။
ကလေးငယ်တစ်ယောက်လို
မထားရစ်ခဲ့ဖို့ ငို ပြောနေလည်း
အပိုပဲလို့ ထင်တယ်။
မင်းဘယ်လိုပဲ ငါ့ကို ပြောပြော
ငါစိတ်မဆိုးပါဘူး။
သူများတွေနဲ့ခင်အောင်နေတတ်ခဲ့တဲ့င့ါအတွက်တော့
အပြစ်တစ်ခုဖြစ်နေတော့
ငါလည်းမရှင်းပြတတ်တော့ . . .
မင်းရင်ထဲက သံသယကို
ဘယ်လို၊ ဘယ်ပုံဖြေရှင်းမှ
ပျောက်ကင်းနိုင်မှာလဲ။
မင်းထားရစ်ခဲ့တဲ့အတိုင်းပဲ
ကျန်နေရစ်မယ့်သူက ငါပဲဖြစ်နေတယ်။
ဘယ်လိုပဲ ကျန်ခဲ့ပါစေ
မင်းဘယ်လိုပဲ ငါ့ကိုထားခဲ့ပါစေ
ငါမင်းကို တစ်ခုတော့ ပြောခဲ့ပါရစေ
ငါမင်းကိုတကယ်ချစ်ခဲ့တာပါ