Sunday, July 25, 2010

အတ္တအချစ်

I ♥ YOU

အချစ်နဲ့အတ္တ .....ထပ်တူကျတယ်လို့

ဆိုရင်ဆိုရမလားပဲ.......

မင်းကငါ့ကို .........မခင်တွယ်ခဲ့ပေမဲ့

ငါကတော့မင်းကို.....သံယောဇဉ်ဆိုတဲ့

ကြိုးနဲ့တုတ်နှောင်ရစ်နွယ်နေတုန်းပဲ

မင်းကငါကိုမချစ်မှန်.....ငါသိနေပေမဲ့

မျှော်လင့်ခြင်းတွေနဲ့.....စောင့်မျှော်နေတုန်းပဲ

မင်နဲ့ပတ်သက်ခဲ့တဲ့.....အရာတွေအားလုံးဟာ

မင်းအတွက်အမှတ်တမယ့်တွေဖြစ်သွားပေမဲ့

ငါအတွက်တော့အရာရာတိုင်းဟာ

ငါ့အတ္တစွဲ .....ဒီငနဲကြောင့်

အသက်ဝင်လှုပ်ရှား .....အမှတ်တရတွေ

ဖြစ်နေတုန်းပဲဆိုတာ မင်းတကယ်မသိခဲဘူးနော်......

ချစ်လွန်းသူ