Saturday, July 10, 2010

မိုးပြေးနဲ့တူသော ငါ့ချစ်သူ

I ♥ YOU
မိုးရာသီကို အရမ်းကြိုက်တယ်
မိုးရွာရင် ပျော်တယ်

ဒါပေမယ့်
ငါဟာ မိုးရွာရင်ပျော်ပေမယ့်
မိုးပြေးကိုတော့ မုန်းမိတယ်

ဘာကြောင့်လဲဆိုတော့
ခဏတာပဲရွာတဲ့မိုးဖြစ်လို့ပဲ
ခဏတာပဲ ရွာပြီး လူကို မစို တစိုလေးပဲ စိုအောင်ရွာခဲ့လို့ပေါ့

ငါသူ့ကိုချစ်တယ်
ဒါပေမယ့် သူက ငါမုန်းတဲ့ မိုးပြေးနဲ့တူတယ်
ငါ့ဘ၀ထဲကို မိုးပြေးလိုပဲ ခဏတာဝင်ရောက်ခဲ့တယ်
ငါ့အချစ်ကို ကစားချင်သလိုကစားပြီး သူပြန်ထွက်သွားခဲ့တယ်
ဒါပေမယ့် သူ့ကို ငါမုန်းလို့မရခဲ့ဘူး
ဘာလို့လည်းဆိုတော့ သူ့ကို ငါအရမ်းချစ်ခဲ့လို့ . . .

No comments: