Saturday, June 12, 2010

မင်းအတွက်ပါ

I ♥ YOU

အချိန်ဆိုတဲ့
ရေစီးကြောင်းထဲမှာ
ကာရံမညီ
ကဗျာမမီတဲ့
ကောင်မလေးတစ်ယောက်ကို
ငါကောက်ရခဲ့တယ်။
နတ်သမီးမကျ
ကြွေရုပ်လောက်မလှပေမယ့်
ငါ့ရင်ထဲမှာတော့
နှလုံးသား မိဘုရားတစ်ပါးပါ။
နှလုံးသားကို ပေးဆပ်
ငါ့အသက်ထက် ပိုချစ်ပါတယ်
ချစ်သူ
ဒါပေမယ့်
မမျှော်လင့်တဲ့ ကံတရား
မကြိုဆိုထိုက်တဲ့
ဖြစ်ခြင်း၊ ပျက်ခြင်းတရားတွေကြောင့်
မင်းနဲ့ငါဝေးသွားခဲ့ရင်လည်း
ငါ့ကို အမြဲချစ်နေပါ
ချစ်သူ

No comments: