Thursday, September 17, 2009

ဒီကစောင့်နေသူ

I ♥ YOU

အဝေးကိုမျှေုာ်ကြည်
မင်းမရှိတော့တာလည်း
ငါသိနေတယ်....
တွယ်ရာမဲ့ငါစိတ်တွေ
လေးလံအတွေးဖန်
ခဲ့တာလည်း ငါသိနေတယ်...
မျှော်လင့်ချင်းတွေပျက်သုန်း
မင်းရင်ထဲကအမုန်းမပါတဲ့
ချစ်ခြင်းတရားအရောင်ပြောင်း
ဟောင်းသွားတာကိုလည်း
ငါသိနေတယ်......
တကယ်တော့မင်ရဲ့ချစ်ခြင်း
တွေကအတ္တအရောင်တွေ
ကင်းမဲ့အဖြူသက်သက်နဲ့
ခင်တွယ်ခဲ့တယ်ဆိုတာလည်း
ငါသိနေတယ်.....
အချစ်ပေးသူမင်းက
အချစ်ယူသူငါကို
အနွံ့တာခံချစ်ခဲ့တယ်ဆိုတာကိုလည်း
ငါသိနေတယ်.....
အခုမင်မရှိမှ
အချစ်ရဲ့တန်ဖိုး
မင်းရဲ့မြတ်နိုးမူ
ငါ့ပြန်မရနိုင်တော့ဘူဆိုတာလည်း
ငါသိနေတယ်.......
ဒါပေမဲ့ချစ်သူရေ
အဟောင်းတွေအသစ်ဖြစ်
အချစ်စစ်မှန်ခဲ့ရင်
တစ်နေ့ဒို့နှစ်ယောက်
ပြန်ဆုံကြအုံးမယ်..........ချစ်သူ......

ချစ်လွန်းသူ