Friday, January 8, 2010

ချစ်သက်သေ

I ♥ YOU

ချစ်သူအတွက်......
ချစ်တယ်ဆိုတဲ့
စကားကိုပလီပလာ
တီတီတာတာနဲ့လည်း
မပြောချင်ဘူး....
ရင်မှပေါက်ဖွား
အချစ်များအား
ဖွင့်ဟရွတ်ဆို
ရွှေနားတော်သွင်း
ဆိုအပ်ခြင်းက
ငါ့မင်းကိုအရမ်း
ချစ်တယ်......
သစ္စာ၊မေ့တ္တာ
ချစ်သဒ္ဒါတွေကို
ဆန့်ထုပ်ငင်လျှက်
ကြိုးမျှင်တစ်ချောင်း
အသွင်ပြောင်း၍
ခိုင်မာရစ်ချည်
ဖြစ်သည်က
သံယောဇဉ်
ရယ်ပါ.....
သံသယစိတ်ကင်း
အပြစ်မနှင်ပဲ
တစ်ဦးကမေ့တ္တာ
တစ်ဦးကအကြင်နာ
ဖြူစင်ပေးအပ်
ပေါင်းဖက်ခိုင်ခိုင်
စိတ်မယိုင်ပဲ
တစ်ဦးတစ်ယောက်
ဆိုသလောက်အောင်
အာဒံ၊ဧ၀သက်သေ
ပြကျရအောင်နော်........

ချစ်လွန်းသူ

Thursday, December 24, 2009

90022132

အရမ်းပျော်တယ်
မင်းနဲ့ငါနဲ့ ပြန်အဆင်ပြေတဲ့နေ့ပေါ့
မင်းနဲ့ငါနဲ့ စိတ်ဆိုးပြေရင် သွားစားနေကြ
မုန့်ဟင်းခါးဆိုင်မှာ သွားစားတယ်
ပြီးတော့ အတူတူပြန်တယ်
..............
ငါမင်းကိုအရမ်းချစ်တယ်
I ♥ YOU

Tuesday, December 22, 2009

သတိရစိတ်

ကားဂိတ်ထဲမှာ ငါတစ်ယောက်တည်းရပ်နေဆဲ
ဘေးနားကို ပြန်ကြည့်မိတော့
မင်းမရှိ
အနောက်ဘက်ကို လှည့်ကြည့်တော့လည်း
မင်းမရှိ
အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာစုံသွားပြီ
လိုက်ရှာပါသော်လည်း
မင်းရဲ့ အရိပ်အယောင်လေးကိုမှ ငါမမြင်တွေ့ခဲ့ရ
ဒီလိုရက်မျိုး ဘယ်နှစ်ရက်ရှိနေခဲ့ပြီလဲ
ဒီလိုမျိုး ငါအရူးတစ်ယောက်လိုလိုက်ရှာနေမိတာလဲ
ဘယ်နှစ်ရက်ရှိပြီလဲ
တစ်ခါတစ်လေ မင်းရဲ့ ကိုယ်သင်းရနံ့ကိုရလိုက်ရုံနဲ့
မင်းများလားလို့ လိုက်ကြည့်မိတာလည်းအကြိမ်ကြိမ်
တိုက်ဆိုင်မှုရှိတိုင်းလဲ သတိရမိတာအကြိမ်ကြိမ်
ဒီလို လွမ်းနေရုံနဲ့ပဲ . . . . . . . . .
အိမ်ပြန်ချိန်ကို ဖြေသိမ့်နှစ်သိမ့်မှုနဲ့ပဲ
အိမ်ပြန်ခဲ့ရတာလည်း ရက်ပေါင်းအလီလီ
တစ်ယောက်တည်း အထီးကျန်စွာနဲ့ပဲ
အိမ်ပြန်ခဲ့ရတာလည်း ရက်ပေါင်းများစွာ
ပျင်းရိခြောက်သွေ့စွာနဲ့ပဲ အိမ်ပြန်ခဲ့ရတယ်
အရင်လိုမင်းမရှိတော့
အရင်လို မပျော်ရွှင်နိုင်တော့တာ
မင်းမှမသိခဲ့တာ . . . .
I ♥ YOU

Monday, December 14, 2009

_*လမ်းခွဲ*_

I ♥ YOU
ချစ်သူချင်းလမ်းခွဲရင်
ချစ်ချင်းနဲ့ခွဲခွာခြင်းက ကောင်းလား။
ဒါမှမဟုတ် မုန်းတီးနာကျည်းခြင်းနဲ့ လမ်းခွဲတာကောင်းလား။

ငါကတော့ မုန်းတီးနာကျည်းခြင်းနဲ့ လမ်းခွဲခြင်းက ပိုကောင်းတယ်လို့သတ်မှတ်ခဲ့တယ်။
ဘာလို့လည်းဆိုတော့ ချစ်ခြင်းနဲ့လမ်းခွဲခဲ့တဲ့အခါ
လမ်းမှာတွေ့ရင် သနားကြည့်နဲ့အကြည့်ခံရမှာစိုးလို့
ငါကတော့အမြဲတမ်း ငါ့ကိုမုန်းတီးနာကျည်းအောင်လုပ်နေမှာပဲ။
ငါအရမ်းချစ်လို့
အရမ်းချစ်ခဲ့လို့

Wednesday, October 21, 2009

I ♥ YOU
ငါ၏ရက်စက်မူ
အကြင်နာမဲ့လက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်သို့
နင့်ကိုခံစားစေခဲ့ခြင်းငှာ

ဒါပေမဲ့ချစ်ရသူရေ
ငါ၏အသဲ
နင်းချေစုတ်ဖြတ်
မင်းကျေနပ်မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်အရောက်
ဒူးထောက်ကာပင်
အရှုံးပေးလျက်
တစ်သက်တာအတွက်
ငါ၏အသည်း ပေးလှူခဲ့ပါ၏
ချစ်သူ.......
ငါ၏အချစ်ဆုံး
အချစ်ဦးမို့
တစ်သက်တာ
ထာဝရ
ဆက်ချစ်ခွင့်တော့ ရချင်သေး၏
♥ CHITLOON ♥

FOR ALWAYS MY LOVE

I ♥ YOU

ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ပြစ်ခွါခဲ့တာမဟုတ်.....
ငါ့ရဲ့ရင်ခွင်တံခါး
အစဉ်အမြဲဖွင့်ထားပါလျက်
မလာပါနဲ့လို့
တားနေတာလည်းမဟုတ်
ငါ့ရဲ့ရင်ထဲ နင်ဝင်ချင်ဝင်
ထွက်ချင်ထွက်
နင့်အတွက်ဆိုရင်အမြဲထာဝရ
တံခါးဖွင့်ထားလျက်ပါ။
တိတ်တဆိတ်နဲ့
နှုတ်စိတ်ထွက်ခွာ
ငါနဲ့ဝေးရာကို
နင် ထွက်သွားပေးပေမယ့်
အစဉ်အမြဲ သတိတရနေမှာပါ။
ဒါပေမဲ့ချစ်ခဲ့သူရေ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
နင့်ရဲ့အချစ်တစ်ခု
ခဏတာရခဲ့ပေမယ့်
တစ်သက်တာအတွက်
နင့်ရဲ့အချစ်အစပြုလို့
နင့်အပေါ်တွယ်နေတဲ့
ငါ့အချစ်၊ ငါ့သံယောဇဉ်၊ ငါ၏စိတ်တို့
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ဆက်၍ရှင်သန်ချစ်နေမည်
♥ CHITLOON ♥

Tuesday, October 20, 2009

ငါ့အချစ်ခြင်း

I ♥ YOU
မင်းရဲ့ရက်စက်
မူအပေါင်းသရဖူ
စောင်းနေတဲ့
အကြင်နာလက်နက်
ဒီဒဏ်ချက်ကြောင့်
ရင်ကွဲပက်လက်
သွေးမထွက်ပေမဲ့
ဆူးရှနာကြင်
တမြေမြေသွင်မို့...........

ဒါပေမဲ့ချစ်ရသူရေ
ငါ့အသဲခွဲခြွေ
နင်ချေစုတ်ဖြတ်
အမှုန့်ထပ်မှ
မင်းကြေနပ်ရ
မယ်ဆိုရင်လည်းကွယ်
မင်းရှေ့မှောက်ရောက်
ဒူးထောက်ကာပင်
မငြီးမငြူ
အသဲကိုပေးလှူ
မင်းနှိပ်စက်ယူမယ်
ချစ်သူ.......
ငါရဲ့အချစ်ဆုံး
အချစ်နောက်ဆုံးမို့
ယုယဟန်ဖြင့်
ပြုသမျှခံသွားမှာပါ

......ချစ်လွန်း.......