Wednesday, October 21, 2009

FOR ALWAYS MY LOVE

I ♥ YOU

ချစ်သူရယ်....
အပြုံးမဆောင်
အမုန်းရောင်နဲ့
ပြစ်ခွါခဲ့တာမဟုတ်.....
ငါ့ရဲ့ရင်ခွင်တံခါး
အစဉ်အမြဲဖွင့်ထားပါလျက်
မလာပါနဲ့လို့
တားနေတာလည်းမဟုတ်
ငါ့ရဲ့ရင်ထဲ နင်ဝင်ချင်ဝင်
ထွက်ချင်ထွက်
နင့်အတွက်ဆိုရင်အမြဲထာဝရ
တံခါးဖွင့်ထားလျက်ပါ။
တိတ်တဆိတ်နဲ့
နှုတ်စိတ်ထွက်ခွာ
ငါနဲ့ဝေးရာကို
နင် ထွက်သွားပေးပေမယ့်
အစဉ်အမြဲ သတိတရနေမှာပါ။
ဒါပေမဲ့ချစ်ခဲ့သူရေ...
င့ါ၏ရင်ထဲ
မြဲလျှက်တည်
နင့်ရဲ့အချစ်တစ်ခု
ခဏတာရခဲ့ပေမယ့်
တစ်သက်တာအတွက်
နင့်ရဲ့အချစ်အစပြုလို့
နင့်အပေါ်တွယ်နေတဲ့
ငါ့အချစ်၊ ငါ့သံယောဇဉ်၊ ငါ၏စိတ်တို့
ဘယ်ခါဖြစ်ဖြစ်
အိုဟောင်းမပြစ်
ရင်၌အမြစ်တည်
ဆက်၍ရှင်သန်ချစ်နေမည်
♥ CHITLOON ♥

No comments: