Monday, August 24, 2009

ထာဝရ

I ♥ YOU
ကာရံမဲ့ကဗျာတွေ ရှာကြံလို့
တယောက်ထဲဆွေး
အဖော်မဲ့နေ့တွေထဲ
စွဲမြဲစွာချစ်ခဲ့မင်းမျက်နှာ
ဘာအတွက်ကြောင့်
ငါသတိရရနေတာလဲ
အခြားတစ်ယောက်နဲ့
ပျော်နေတဲ့မင်း
ငါ့ရင်ခွင်ကတော့
ကာရံမဲ့ကဗျာတစ်ပုဒ်လိုပဲ
ကျလာတဲ့မျက်ရည်တွေ
စိုကာရွှဲနေပြီး
ငိုလည်းမနေခြင်တော့ပါဘူး
ငါရှုံးသမျှမင်းပြုံးရမှပဲကျေနပ်တော့မယ်
ဒီဘဝအတွက်ကတော့ဒီမျှနဲ့ပဲ
ငါအဆုံးရှုံးခံတော့မယ်
ဒါပေမဲ့.....ချစ်သူ...
ရယ်မောနေတဲ့မင်းမျက်နှာက
ငါ့ကဗျာအတွက်တော့ထာဝရပေါ့ကွာ.....

ချစ်လွန်းသူ

Tuesday, August 18, 2009

တမ်းချင်း

I ♥ YOU
အငိုမျက်လုံး.....အပြုံးတစ်မျက်နှာ
ဘ၀တကွေ့......ဆုံတွေ့လို့သာ
အကြောင်းပါခဲ့.....ဟောင်းရာမဖြစ်
နှောင်းသာဖြစ်ရဲ့.....ပေါင်းရန်ခက်ခက်
ဝေးလွင့်ခြင်းကို.....အခြေပြု၍
ကြူးရင့်တေးသီ.... ရင်၌ဖြစ်တည်
ဖန်တစ်ရာတွေး....ပြန်ကာဆွေးလည်း
ဒဏ်ရာတွေက..နိုပ်စက်လေပြီ......

ချစ်လွန်း


Saturday, August 15, 2009

အစိမ်းရောင်ရူးသွပ်မူ

I ♥ YOU
မင်းရင်ထဲမှာကိုယ့်အတွက်
နေရာမရှိဘူးဆိုတာသိပေမယ့်....
ရူးမိုက်စွာဆက်လက်
ရင်ခုန်ချင်မိတဲ့ငါ......
မင်းကကိုယ့်အတွက်ခံစားချက်
တစုံတရာမှမရှိဘူးဆိုတာသိပေမယ့်.....
ဟောဒီအဖြည့်ခံငါ့ရင်ခွင်ကြီးထဲမှာ
မင်းအတွက်ခံစားမှုအပြည့်နဲ့ငါ....
မင်းကဟန်ဆောင်မှုမပါတဲ့
အပြုံးတွေနဲ့အသဲနင့်အောင်
ရက်စက်နေတာသိနေပေမဲ့...
အဲ့ဒီရက်စက်မှုတွေကို
ချိုမြိန်တဲ့အသွင်ပြောင်း
ခေါင်းငုံ့ခံချင်တဲ့ငါ
မင်းကအမုန်းမဆို၊
အချစ်မကြိုမှန်းသိပေမယ့်
ငါ့အသွေး၊ငါ့အသား၊ငါ့ခန္ဓာ
မှာရှိနေတဲ့အချစ်တွေပုံအောပြီး
ချစ်ချင်မိတဲ့ငါ
အချစ်ဆိုတာင့ါအတွက်
ရယူချင်လား?ပေးဆပ်ချင်လား? ငါမသိရပေမယ့်
ရင်ထဲမှာမင်းကို ချစ်နေပါလားဆိုတဲ့
အသိလေးနဲ့တင် အရာရာကိုကျေနပ်
ခွင့်လွှတ်နိုင်ပါတယ်ချစ်သူ.....

ချစ်လွန်းသူ

Wednesday, July 29, 2009

သိစေချစ်သူ

I ♥ YOU
အချစ်ဆိုတဲ့အရာတခုကို
မေ့ဖျောက်ထားတဲ့ကိုယ်အတွက်
ရုတ်တရက်ဆိုသလို
ထောင့်ချိုးတနေရာက
ခိုဝင်ရောက်လာခဲ့တယ်......
မာလှပြီလိုထင်ထားတဲ့
ကိုယ်အသဲနှလုံးက
ကျရှုံးမှန်းမသိကျရှုံးစေတယ်
ဒါပေမဲ့ ငါကျေနပ်တယ်....ချစ်သူ......
ပြောင်းလွဲသွားတဲ့ ငါစိတ်တခုကို
လည်းအံသြမိသလို
မင်းနဲ့ပတ်သက်လာရင်
ငါရဲ့မသိစိတ်ကပဲဖြစ်ဖြစ်
သိစိတ်ကပဲဖြစ်ဖြစ်
အလိုလိုလက်ခံမူတွေကလေ.....
သူနဲ့အတူရှိနေရင် ငါပျော်တတ်လာတယ်
တခါတရံ သူစိတ်ဆိုးရင် ချော့ချင်လာတယ်
သူငိုနေ၊ဝမ်းနည်းနေရင် အားပေးချင်တယ်
သူပျော်ရင်အလိုလိုပျော်တတ်လာတယ်
သူကြောင်းတွေးရင်ကြည်နူးရတယ်
သူအတွက်အရာရာပေးဆပ်ချင်တယ်
ချစ်သူလက်ခံမယ်ဆိုရင်ပေါ့.....
ဒါပေမဲ့ တစိမ်းဆံလွန်းတဲ့ စကားလုံးတွေနဲ့
ပြစ်ခွါသွားမှာကိုတော့
စိုးရိမ်မိတယ်....ချစ်သူရယ်....

ချစ်လွန်းသူ

Tuesday, July 28, 2009

WAITTING . . . . .I ♥ YOU . . . .I MISS YOU

I ♥ YOU
ငါတကယ်ချစ်မိတဲ့တာ နင့်ကိုပါ
ဘယ်လိုအကြောင်းနဲ့မှ မခွဲချင်ဘူး။
ငါ စောင့်နိုင်ပါတယ်။
နင့်ကို တစ်သက်လုံးစောင့်ဆိုလည်း ငါစောင့်ပါ့မယ်။
ဒါပေမယ့် ငါ့ကို စိမ်းကားတဲ့စကားတွေကိုတော့မပြောပါနဲ့ဟာ
ငါ့ရင်ထဲမကောင်းလို့ပါ (သို့) မခံစားနိုင်လို့ပါ
ငါချစ်တာကို နင်ဘာလို့မသိရတာလဲ။
အိပ်ချင်ယောင်ဆောင်နေတာလား . . . .။
အိပ်ချင်ယောင်ဆောင်တယ်ဆိုလည်း ထပါတော့ဟာ . .
ငါ့ကို ပင်ပန်းအောင်မလုပ်ပါနဲ့။
လူပင်ပန်းတာထက် နင့်အတွက် ငါစိတ်ပင်ပန်းရတာနင်မသိဘူးလား။
နင် ငါ့ကို လျစ်လျူရှုထားတာများလား . . .
ငါ့ အချစ်ကို နင် ပေါ့ပျက်ပျက်ထင်နေတာလား . . .
အခုချိန်ထိ ငါဟာ အိပ်မက်ထဲမှာ လမ်းလျှောက်နေရသလိုပဲ။
ဘာမှ ရေရာမှုမရှိသလိုပဲ . . .
နင်တကယ်ချစ်တာ ငါမဟုတ်ဘူးလို့ ငါ ဘယ်တုန်းကမှမတွေးချင်ဘူး။
ဒါပေမယ့် ငါတကယ်ချစ်ခဲ့တာ နင်တစ်ယောက်တည်းပါ. . . ..
နားလည်ပေးပါ . . .
ငါ နင့်ကိုစောင့်နေပါ့မယ် . . . .

မျှော်လင့်ချက် မနက်ဖြန်

I ♥ YOU
ခက်ခဲနေတဲ့ လူ့ဘ၀ကြီးမှာ
ကျပ်တည်းစွာ လှုပ်ရှားနေရတဲ့
လူသားတွေနဲ့ငါ
မြက်ထဲမှာ ကျပျောက်သွားတဲ့
အပ်တိုတစ်ချောင်းကို
ခက်ခဲစွာ ရှာဖွေနေရသလို
ပင်ပန်းလှပါတယ်
မသေသေးတဲ့ ခန္ဓာကိုယ်နဲ့
မတင်းတိမ်နိုင်သေးတဲ့ စိတ်တွေကြောင့်
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကြီးကို
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြည့်ချင်မိသေးတယ်။

Monday, July 27, 2009

မေ့မရသူ . . . .

I ♥ YOU
အချစ်ဆိုတာ
အပေါ်ယံ သကာရည်သုတ်ထားတဲ့
အဆိပ်ဆိုရင်
အဲဒီအဆိပ်ရည်စက်တွေကို
ခုံမင်စွာ သောက်သုံးနေတဲ့
ငါ့အတွက်တော့
ဝေဒနာခံစားရမှာ
သိလျက်နဲ့
ရှေ့ဆက်တိုးမိနေတဲ့
သူရူးတစ်ယောက်လိုပါပဲ။
မိုးလင်းလို့
မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့
ငါစဉ်းစားမိနေတာ
နင့် အကြောင်းပါ။
တစ်နေ့ထက်တစ်နေ့
သောက်မိနေတဲ့
အဆိပ်ရည်စက်တွေကြောင့်
ကြေကွဲခြင်း ဆိုတဲ့
ဝေဒနာကြီးကို
ခံစားရဖို့
အချိန်နီးကပ်လာပြီဆိုတာ
ငါသိနေပေမယ့်
နင့်ကိုဘယ်လိုမှ
မေ့လို့မရလို့ပါ
ချစ်သူ