Tuesday, July 28, 2009

မျှော်လင့်ချက် မနက်ဖြန်

I ♥ YOU
ခက်ခဲနေတဲ့ လူ့ဘ၀ကြီးမှာ
ကျပ်တည်းစွာ လှုပ်ရှားနေရတဲ့
လူသားတွေနဲ့ငါ
မြက်ထဲမှာ ကျပျောက်သွားတဲ့
အပ်တိုတစ်ချောင်းကို
ခက်ခဲစွာ ရှာဖွေနေရသလို
ပင်ပန်းလှပါတယ်
မသေသေးတဲ့ ခန္ဓာကိုယ်နဲ့
မတင်းတိမ်နိုင်သေးတဲ့ စိတ်တွေကြောင့်
မနက်ဖြန်ဆိုတဲ့ အနာဂတ်ကြီးကို
မျှော်လင့်ချက်တွေနဲ့ ရှင်သန်ကြည့်ချင်မိသေးတယ်။

No comments: