Wednesday, September 9, 2009

ချစ်ရသူ . . . .

I ♥ YOU
ချစ်တဲ့အကြောင်းကို ကဗျာတွေ၊ စာတွေဖွဲ့ပြီးမနွဲ့ချင်
ကဗျာတွေ၊ စာတွေဖွဲ့၊ နွဲ့ပြမှ ချစ်တယ်တဲ့လား . . .
ကြမ်းတမ်းတဲ့ကငါ့ဘ၀က ကဗျာတွေ၊ စာတွေဖွဲ့ပြီး နွဲ့နေရမယ့်သူမဟုတ်ဘူး . . .
ငါ့ဘ၀က ကြမ်းတမ်းပေမယ့်
ငါ့ရင်ထဲမှာတော့ နူးညံ့တဲ့အချစ်ကတော့ရှိတာပေါ့ . . .
ဒါပေမယ့်
တစ်ခါတစ်လေမှ ချစ်ရတဲ့သူနဲ့တွေ့ရပေမယ့်
တွေ့ရတဲ့ ခဏတာလေးမှာ ချစ်ရတဲ့သူဆီက ပျော်ရွှင်မှု၊ ၀မ်းနည်းမှုတွေ မျှဝေခံစားချင်တာပေါ့ . . .
ငါချစ်ရတဲ့သူရေ . . . ငါနင့်ကိုချစ်ရတာ အရမ်းမောတယ်၊
နင့်ရင်ထဲမှာ ငါ့အတွက်နေရာရှိပါ့မလားဆိုတာ စဉ်းစားမိတိုင်း ၀မ်းနည်းခဲ့ရတာတွေ နင်မသိခဲ့ဘူးလေ။
နင်သိအောင်လည်း ငါမှ မပြောခဲ့တာ . . .
ငါနင့်ကိုချစ်တာကို ကဗျာတွေ၊ စာတွေနဲ့ ဖွဲ့မပြတတ်ဖူး . . .
ငါသိတာ နင့်ကိုငါအရမ်းချစ်တယ် . . .

No comments: