Saturday, August 7, 2010

လောကကြီးရဲ့ နိယာမ

I ♥ YOU

စိတ်ညစ်တိုင်း
ဘာတွေ အံချဖွင့်ထုတ်ရမှာလဲ
စဉ်းစားရင်းသာ ခေါင်းခြောက်သွားမယ်
အဖြေကထွက်မလာဘူး . . .

စိတ်ညစ်တိုင်း
ကိုယ်လုပ်ချင်တာတွေ
ကိုယ်လုပ်နေပြန်တော့
ပတ်ဝန်းကျင်က ပြောပြန်ရော
အဲဒီအခါ ပတ်ဝန်းကျင်ကိုပဲ ဂရုစိုက်ရမှာလား
ကိုယ်စိတ်ဖြေအောင်ပဲနေရမှာလား . .

ဘာတွေလဲ. . .
ဘာကိုမှဂရုမစိုက်ဘဲ နေလိုက်တော့
ငါရလိုက်တာက ဂျစ်ကန်ပေတေပီး သောက်ချိုးမပြေတဲ့သူတဲ့
........................................
ချစ်လွန်းသူဖြိုး

Tuesday, August 3, 2010

အပြာရောင်စိတ်ကူး


I ♥ YOU


င့ါဟာအပြာရောင်


စာလုံးတွေနဲ့


ငါ့စိတ်ကူးတွေကို


ရေချယ် ပုံဖော်မှီတယ်


အပြာရောင်ဆိုတာ


ငြိမ်းချမ်းရေနယ်နိမိတ်ရယ်လို့


အများကသတ်မှတ်ကျတယ်


မင်းကြောင့်ပူလောင်နေတဲ့


ငါ့ရင်ခွင်နန်းတော်


ကြီးကိုလည်း ဖြစ်နိုင်မယ်ဆိုရင်


မင်းရဲ့လက်နှစ်ဖက်နှင့်


အပြာရောင်တွေ


သုတ်လိမ်း အေးချမ်းမူတွေ


ပေးပါတော့လား....ချစ်သူရယ်....


......ချစ်လွန်းသူ......

Monday, August 2, 2010

စွဲလမ်းစိတ်


I ♥ YOU


ချစ်သူရေ...


ချစ်ပါတယ်လို့


အကြိမ်ကြိမ်ပြောခဲ့တာလည်း


မင်းအသိပါ....


ငါ့အသည်းနှလုံးကို မင်းက


ခဏတာခူးချွေ


နင်းချေခဲ့ပေမဲ့


မင်းပြုသမျှ နုခဲ့ရတဲ့


ငါ့ဘဝမှာ နာကြင်နေယုံလွဲလို့


နာကြီးမူဆိုတာတော့


အခုအချိန်အထိ မရှိသေးတာတော့


အမှန်ပဲ....


ဒါပေမဲ့မင်သိစေချင်တယ်


ချစ်သူ....မင်းရဲ့ ဥပစ်ကာတွေကြောင့်


ငါ့မျက်ရည်တွေခမ်းခြေက်


သွားနိုင်ပေမဲ့....ငါ့မင်းကိုချစ်တဲ့


အချစ်တွေရယ်


သံယောဇဉ်တွေကတော့


တိုက်ဆိုင်မူတွေရှိလာတိုင်း


သတိရနေမှာပါ...ချစ်သူ......


.......ချစ်လွန်းသူ..........



Sunday, August 1, 2010

လွဲမှားခြင်း

I ♥ YOU


ငါမင်းကိုသတိရနေတဲ့အချိန်
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို သတိရနေတယ်


ငါမင်းကို လွမ်းနေချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို လွမ်းနေတယ်

ငါမင်းကို တမ်းတချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တမ်းတနေတယ်

ငါမင်းကို တွေ့ချင်နေတဲ့အချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တွေ့ချင်နေတယ်

ငါမင်းကို အိမ်ပြန်ချိန်တိုင်း နမ်းခဲ့တဲ့ မင်းပါးပြင်ကို
အခုချိန်မှာ
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်က မင်းရဲ့ပါးပြင်ကို နမ်းနေလောက်ပီပေါ့

ငါမင်းကိုတွဲခဲ့၊ ကမ်းခဲ့ တဲ့လက်တွေနေရာမှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်ကို မင်းရဲ့ လက်တွေတွဲခဲ့၊ ကမ်းခဲ့ ပြီပေါ့

ငါမင်းကို ဘ၀ကိုအတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဘ၀ကိုအတူတူရင်ဆိုင်ချင်နေတယ်

ဒါလေးပါပဲ မင်းနဲ့ ငါနဲ့လွဲမှားခြင်းက
အဲဒီ လွဲမှားခြင်းတွေဟာ
ဘယ်တော့မှ
မလွဲမှားခြင်းဆိုတာ ပြန်မဖြစ်နိုင်တော့တဲ့အရာတွေပေါ့
အဲဒီလွဲမှားခြင်းကြောင့်ပဲ မင်းနဲ့ ငါနဲ့ ဝေးခဲ့ရတာ
အဲဒီလွဲမှားခြင်းတွေကြောင့်ပဲ . . .

ချစ်လွန်းသူဖြိုး

Sunday, July 25, 2010

အတ္တအချစ်

I ♥ YOU

အချစ်နဲ့အတ္တ .....ထပ်တူကျတယ်လို့

ဆိုရင်ဆိုရမလားပဲ.......

မင်းကငါ့ကို .........မခင်တွယ်ခဲ့ပေမဲ့

ငါကတော့မင်းကို.....သံယောဇဉ်ဆိုတဲ့

ကြိုးနဲ့တုတ်နှောင်ရစ်နွယ်နေတုန်းပဲ

မင်းကငါကိုမချစ်မှန်.....ငါသိနေပေမဲ့

မျှော်လင့်ခြင်းတွေနဲ့.....စောင့်မျှော်နေတုန်းပဲ

မင်နဲ့ပတ်သက်ခဲ့တဲ့.....အရာတွေအားလုံးဟာ

မင်းအတွက်အမှတ်တမယ့်တွေဖြစ်သွားပေမဲ့

ငါအတွက်တော့အရာရာတိုင်းဟာ

ငါ့အတ္တစွဲ .....ဒီငနဲကြောင့်

အသက်ဝင်လှုပ်ရှား .....အမှတ်တရတွေ

ဖြစ်နေတုန်းပဲဆိုတာ မင်းတကယ်မသိခဲဘူးနော်......

ချစ်လွန်းသူ

Saturday, July 10, 2010

-----

I ♥ YOU
ငါ့ချစ်စိတ်
ဒဏ်ရာဟက်တက်
သွေးစိမ်းထွက်အောင်
နင်ကငါ့အသဲ
ခွဲထားခဲ့လည်း
အက်ကွဲဒဏ်ရာ
အမွှာမွှာကို
တစစီပြန်ဆက်
အနာကျက်သော်
ငါလေနင့်ကိုပြန်ချစ်မည် ....
ချစ်လွန်း

မိုးပျံပူဖောင်းနဲ့ ငါ့ရဲ့ အချစ်

I ♥ YOU

ငါငယ်ငယ်တုန်းက မိုးပျံပူဖောင်းလေးတွေကို အရမ်းချစ်တယ်
အရမ်းလည်း လိုချင်ခဲ့တယ်။
တစ်နေ့ ငါ့အမေနဲ့ ဈေးလိုက်သွားတဲ့နေ့ကပေါ့
ဈေးမှာ ငါလိုချင်တဲ့ မိုးပျံပူဖောင်းသည်ကိုတွေ့တယ်
ငါမရမက၀ယ်ခိုင်းခဲ့တယ်
ဒါပေမယ့် ငါ့အမေက မ၀ယ်ပေးခဲ့ဘူး
ဘာလို့လည်းဆိုတော့
မိုးပျံပူဖောင်းကို ငါက ငယ်သေးတော့ မကိုင်တတ်ဖူး
လွတ်သွားလိမ့်မယ်တဲ့ အဲကျရင် ငါငိုလိမ့်မယ်တဲ့
ငါဒါကိုမသိခဲ့ဘူး . . .
ငါလိုချင်တာတစ်ခုပဲသိခဲ့တယ်
ငါမရမက ငိုယိုပူဆာပြီး ၀ယ်ခိုင်းခဲ့တယ်
ငါ့ငိုလို့ အမေက ၀ယ်ပေးခဲ့တယ်
ငါလည်း ပျော်ခဲ့တယ်
ခဏနေတော့
ငါ့လက်ထဲကနေ မိုးပျံပူဖောင်းလေးလွတ်ပြီး မိုးပေါ်တက်သွားတယ်။
ငါဝမ်းနည်းလို့ အရမ်းငိုခဲ့ရတယ်
မိုးပျံပူဖောင်းလေးကို ငါဆုံးရှုံးခဲ့ရလို့ပေါ့

××××××××××××××

အခု အရွယ်ရောက်လာတော့ အမေက
အချစ်ကို မစမ်းသပ်ခိုင်းခဲ့ဘူး
အမေက စေတနာနဲ့ သတိပေးခဲ့တာပါ
ငါခံစားရမှာကိုသိလို့ပေါ့
ဒါကို ငါမသိခဲ့ဘူး
ဒါကြောင့် အချစ်ကို
စမ်းသပ်ခဲ့တယ်
နောက်ဆုံးပိတ်ရလဒ်က
ငါပဲ ၀မ်းနည်းခြင်းမြို့ထဲကနေ ထွက်သွားလို့မရသလို
ကြေကွဲခြင်း၊ လွမ်းဆွတ်သတိရခြင်း . . . စသည်တို့သာ
ငါရလိုက်တယ် . . .

ချစ်လွန်းသူဖြိုး