Friday, July 24, 2009

ခွင့်လွတ်ပါ.....

I ♥ YOUချစ်သူရေ
တကယ်တော့ ငါဟာမင်းရဲ့စေတနာမေတ္တာတွေကို
တန်ဖိုးမထားမလေးစားတာမဟုတ်ပါဘူး။
အချစ်ကြီးလွန်းလို့ငါအတ္တကြီးသွားတာပါ
င့ါရင်ထဲကိုမင်းခဏလောက်ဝင်ကြည့်ရရင်ဝင်ကြည့်ပေးပါ
တကယ်လို့ ငါ့ရင်ကိုမြင်နိုင်တဲ့မျက်စိအစုံရှိမယ်ဆိုတချက်လောက်ငဲ့ကြည့်ပေးပါ
ငါဟာမျှော်လင့်ချင်းဆိုတဲ့ အရာတစ်ခုကိုအသက်သွင်းပြီးနေ့ရက်တွေကိုကုန်ဆုံးစေခဲ့တယ်
သူတပါးတွေကပြောတယ်မျှော်လင့်ချင်းဆိုတာမရှိမကောင်း၊ရှိမကောင်းတဲ့
အမှန်တရားဆိုတာငါလက်ခံနိုင်ပေမဲ့ ငါ့နှလုံးသားက ခါးခါးသည်းသည်းငြင်းစံနေတယ်
အရင်ကတော့ အိမ်မက်တွေကိုရွံ့မုန်းတတ်သူတယောက်က အခုဆိုအဲဒီအိမ်မက်တွေကိုတရှိုက်မက်မက်နဲ့
ခင်တွယ်ရစ်မူးနေမိတယ်....
သက်မဲ့တဲ့အိမ်မက်တွေထဲမှာမင်းပါနေတော့သက်ရှိလို့ငါခံစားပြီးပျော်မြူးနေလိုက်တာ အဲ့အချိန်မှာလန့်နိုးလို့
ငါ့ကိုယ်ငါ ဘဝင်မကျဖြစ်မိတယ်....အဲ့ဒီလို ဆုံးရှုံးသွားတဲ့အိမ်မက်တွေကြိမ်ကြိမ်ထပ်လာဖိုလည်းမျှော်လင့်နေ

တုန်းပါပဲ...
အဲ့ဒီကြောင့်
မင်းမရှိရင်မနေတတ်တဲ့ငါဘဝကိုလည်းငါရွုံ့မုန်းမိတယ်
မင်းကိုအမြဲလိုလိုတွေ့ချင်တဲ့ငါမျက်စိအစုံကိုလဲဖောက်ထုပ်ချင်လောက်အောင်ရွုံ့မုန်းမိတယ်
မင်းအသံလေးကိုမှကြားချင်မိတဲ့ငါနားအစုံကိုလည်းထာဝရပိတ်ဆို့ထားခြင်မိတယ်
ပြောစရာမရှိပေမဲ့ ရှာပြောတတ်တဲ့ငါ ပါးစပ်ကိုလည် လေးနက်တဲ့အပြစ်တွေပေးခြင်မိတယ်
နောက်တခုက....
ငါအချစ်ကြောင့်စိတ်အနှောက်အရှက်ဖြစ်သွာတဲ့မင်းကိုလည်းတောင်ပန့်ချင်တယ်
ခွင့်လွတ်ပါချစ်သူ....

Wednesday, July 22, 2009

နည်းနည်းလွဲလွဲ

မေ့ဆေးပျယ်လို့  နိုးထလာတဲ့အချိန်မှာ သူ ဘေးဘီ ဝဲယာကို
ဝိုက်ကြည့်လိုက်ပါတယ်။ သူက လူနာအိမ်ဆောင်ခန်းထဲက ကုတင်ပေါ်မှာ ရှိနေပြီး
သူ့ နံဘေးမှာ သူနာပြုဆရာမတစ်ယောက် ရပ်စောင့်နေတာ တွေ့ လိုက်ရတယ်။
ခွဲစိတ်ခန်းထဲမှာ အစစအရာရာ ချောချောမောမော ရှိခဲ့ရဲ့လားလို့  သူက
မေးပါတယ်။

သူနာပြုဆရာမလေးက ပြုံးပြီး …
“အဆင်ပြေပါတယ်ရှင်… အားလုံးချောချောမောမောပါပဲ”
“ကျွန်တော်က ခွဲစိပ်ခံရမှာကို ကြောက်ခဲ့တာဗျ”
“ဘာဖြစ်လို့ ကြောက်ရမှာလဲ၊ စိုးရိမ်စရာ ဘာဆိုဘာမှ မရှိဘူး”
“ကျွန်တော်က အမြဲတမ်း လွဲလွဲလေးတွေနဲ့  ကြုံခဲ့ရသူဆိုတော့
အမှန်အတိုင်းပြောရရင် ကြောက်တယ်ဗျ” … လို့ အစချီပြီး သူ့ ကို မွေးစကတဲက
လွဲမှားခဲ့ရတဲ့ အကြောင်းတွေကို စီကာပတ်ကုံး ပြောပြပါတော့တယ်။
သူ့ ကိုမွေးတဲ့ ဆေးရုံမှာ ကလေးချင်းမှားမိလို့  သူ့ အသက်
ဆယ်နှစ်သားလောက်အထိ အာရှသား လင်မယားကို သူ့ မိဘလို့ ပဲ မှတ်ယူခဲ့ရတယ်တဲ့။
သူ့ မိဘဆိုသူတွေကလည်း သူတို့ ရဲ့ ကလေးဟာ ဘာလို့  အသားတွေ ဒီလောက်ဖွေးပြီး
မျက်လုံးဒီလောက် ပြူးရသလဲ ဆိုတာကို အဲဒီတုန်းက ဘယ်လိုမှ စဉ်းစားလို
့မတတ်ခဲ့ကြဘူးတဲ့။ နောက်မှ ကလေးချင်းမှားမှန်း သိပြီး သူ့ ကို သူ့ ရဲ့
မိရင်းဖရင်းတွေဆီ ပြန်သွားပို့ ပေးကြသတဲ့။ အတိအကျပြောရရင်တော့ သူ
့မိခင်ဆီပြန်ပို့ ပေးတာပါ။ သူ့ အဖေက သူ့ အမေကို နှစ်အတော်ကြာကြာကတည်းက
ပစ်သွားခဲ့ပါပြီ။ ဥရောပသူ သူ့ မိန်းမက တရုတ် ရုပ်နဲ့ ကလေးလေး မွေးလာလို
့ပါတဲ့လေ။
“ကျွန်တော်နာမည်ကလည်း မှားပြီး ရ’ထားတာဗျ”
“ရှင့်နာမည်က လီရီယို မဟုတ်ဘူးလား”
“အမှန်က ကျွန်တော့်ကို လောင်ရိုလို့ မှည့်တာ။ အဲဒါ စိစစ်ရေးရုံးရောက်မှ
ဘယ်လိုကနေ ဘယ်လို လီရီယို ဖြစ်သွားလည်း ကျွန်တော်လည်း မပြောတတ်တော့ဘူး။”
လွဲမှားမှုတွေက အဲဒီမှာတင် အဆုံးမသတ်သေးပါဘူး။ သူကျောင်းတက်တော့လည်း
သူ’မကျူးလွန်ခဲ့တဲ့ ပစ်မှုတွေအတွက် ခဏခဏ မှားပြီး အပစ်ပေးတာကို ခံခဲ့ရတယ်။
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သူက ဂုဏ်ထူးနဲ့ အောင်ပေမယ့် ကွန်ပြူတာက
စာရင်းမှားထုတ်လို့  သူ တက္ကသိုလ်တက်ခွင့် မရလိုက်ဘူး။
“ပြီးခဲ့တဲ့ နှစ်နှစ် သုံးနှစ်ကစပြီး ထူးဆန်းတဲ့ တယ်လီဖုန်းအခွန်တွေကို
ဆောင်နေရတယ်ဗျ။ ရှေ့ လတုန်းကဆို တယ်လီဖုန်းခ ငွေ ၃၀၀/- ဆောင်ခဲ့ရတယ်”
“ရှင်က နိုင်ငံခြားဖုန်းတွေ ခဏခဏ ခေါ်ပုံရတယ်”
“ဘယ်ကလာဗျာ… ကျွန်တော့်အိမ်မှာ တယ်လီဖုန်းတောင်မရှိဘူး။”
မိန်းမရတော့လည်း မှားပြီးရပြန်ရော။ သူ့ မိန်းမက သူ့ ကို တခြားတစ်ယောက်နဲ
့ မှားပြီး လက်ထပ်ခဲ့တာ။ အိမ်ထောင်ရေးကလည်း အဆင်မပြေပါဘူး။
“ဘာလို အဆင်မပြေဖြစ်ရတာလဲ…”
“သူက တခြားတစ်ယောက်နဲ့  မှားပြီးလက်ထပ်ခဲ့တာလေ။ ကျွန်တော့်ကို
တကယ်ချစ်တာမှ မဟုတ်ဘဲ။ အဲဒီတော့ သူချစ်တဲ့ သူ့ ချစ်သူဆီပဲ
အမြဲတမ်းသွားနေတော့တာပေါ့။”
လူမှားပြီး ခဏခဏ အဖမ်းခံရဖူးတယ်။ သ’ူမယူဖူးတဲ့ အကြွေးတွေအတွက်
အတိုးတောင်းတဲ့စာတွေ ခဏခဏရဖူးတယ်။ ဆရာဝန်ကသူ့ ကို အခုလိုပြောတော့
သူပျော်တောင်ပျော်သွားခဲ့တယ်ဆိုပဲ …
“ခင်ဗျား လူလောကမှာ သိပ်ကြာကြာ နေခွင့်မရတော့ဘူးဗျာ”
ဒါလည်း ဆရာဝန်က သူ့ ကို လူနာမှားပြီး ပြောမိတာတဲ့။ တကယ်က
ဘာမှဖြစ်လောက်တဲ့ ရောဂါမဟုတ်ပါဘူး။ အူအတက်ပေါက်ရုံကလေးပါ။
“အခု ခင်ဗျားက ကျွန်တော့ကို ခွဲစိတ်ခန်းထဲမှာ ဘာအမှားအယွင်းမှမရှိဘူး
ဆိုတော့ ယုံရခက်ခက်ပေါ့ဗျာ”
ဒီမှာတင် ပြုံးပြီးနားထောင်နေတဲ့ သူနာပြုဆရာမလေးရဲ့ မျက်နှာဟာ
တမဟုတ်ချင်း ငြှိုးကျသွားပါတယ်။
“အူ.. အူအတက်ပေါက်တာ… ဟုတ်လား …”
“ဟုတ်တယ်လေ … ကျွန်တော် အူအတက်ပေါက်လို့  ဖြတ်ထုပ်ဖို့ အတွက်
ဆေးရုံတက်ရတာလေ ... ဘာဖြစ်လို့ လဲ…”
သူနာပြုဆရာမလေး ပြန်ပြောလိုက်တဲ့စကားက …
“ဒါဆို ရှင်က … ယောက်ျားကနေ မိန်းမဖြစ်အောင် ခွဲစိတ်တဲ့ လူနာ မဟုတ်ဘူးပေါ့…”

Tuesday, July 21, 2009

သင်္ကြန်၏ ပျော်ရွှင်မှု

သင်္ကြန်ရောက်တိုင်း ပျော်ကြရတယ်
ငယ်ငယ်တုန်းကတော့ ပျော်ခဲ့ရတာပေါ့။ နောက်ပိုင်းတော့ . . . . . .
သင်္ကြန်ဆိုတာ ပျော်စရာရက် အနည်းငယ်သာရှိခဲ့တယ်။
ဘာလို့လည်းဆိုတော့ သင်္ကြန်ရောက်တိုင်း အပျော်လွန်တတ်တဲ့ အစ်ကိုဖြစ်သူကြောင့်ပဲ။
သူက သင်္ကြန်ဆို အရမ်းပျော်တတ်တယ်။ အဲလိုပျော်တတ်လို့လဲ သူ့ကိုထိန်းရတာနဲ့ပဲ စိတ်ညစ်တယ်။ မပျော်ချင်တော့ဘူး။
သင်္ကြန်ရောက်ခါနီး ၄-၅ ရက်အလိုဆိုရင် အဖေက ဘုန်းကြီးဝတ်ပြီ။ သူ့ကိုထိန်းမယ့်လူမရှိလို့ သူအရမ်းပျော်ခဲ့တယ်။ မနက် မိုးလင်းတာနဲ့ စက်ဘီးစီးပြီးထွက်ပြီ။ ညနေ မိုးချုပ်မှ ပြန်လာတတ်တယ်။

သင်္ကြန် (၄) ရက်
အကြို
အကျ
အကြတ်
အတတ်

အဲဒီ (၄)ရက်မှာ အကြတ်(သို့)အတတ်နေ့ တစ်ခုမဟုတ်တစ်ခု ဖြစ်လာတယ်။ ဖြစ်တိုင်းလည်း သူ့ကြောင့်ပဲ။ ဖြစ်တဲ့နေရာအထိ လိုက်ခေါ်ရတယ်။ သူပြန်မလာနိုင်ဘူး။ မူးနေတာကိုး။ နှစ်တိုင်းပါပဲ။

၁၂-၄-၂၀၀၈ အဲဒီနှစ် ၀ါထပ်တယ်။ သင်္ကြန်က (၅) ရက်တောင်ကျတယ်။ ပျော်စရာပေါ့နော်။ သူ့အတွက်တော့။
ဒါပေမယ့် သူမပျော်နိုင်ခဲ့ဘူး။ သူမပျော်နိုင်ခဲ့သလို ငါတို့မောင်နှမတွေလည်းမပျော်နိုင်ခဲ့ဘူး။ ငါတို့ မိသားစုလည်းမပျော် နိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ ၂၀၀၈ သင်္ကြန်မှာ နင်မှမရှိတော့တာ။ နင် ငါတို့မိသားစုကို အပြီး နှုတ်ဆက်သွားခဲ့တယ်လေ။

၇-၄-၂၀၀၈ ပါပဲ။ ဘယ်လိုမှမယုံနိုင်တဲ့ အဖြစ်အပျက်တစ်ခုပဲ။ မနက်မိုးလင်းတော့တောင် နင်နဲ့ စကားများမလိုဖြစ်ခဲ့သေးတယ်။ ည ငါအလုပ်ပြန်တော့ နင်မရှိတော့ဘူးတဲ့။ ဆုံးပြီတဲ့။ ဘယ်သူယုံနိုင်မှာလဲ။ အဲဒီစကားကို။ ငါမယုံကြည်ခဲ့သလိုပဲ ဘယ်သူမှ မယုံကြည်ခဲ့ဘူးလေ။ နောက်တယ်ပဲထင်နေခဲ့တာပဲ။ ည (၁၁း၀၀)နာရီ ကျော်ကျော်မှာ အဖေ ပြန်ရောက်လာတယ်။ ရင်ခွဲရုံကနေ အတည်ပြုပေးလိုက်တယ်တဲ့ အသက်မရှိတော့ဘူးတဲ့။ မယုံကြည်နိုင်စရာစကားတစ်ခုပဲ။ လက်ခံလို့ကို မရခဲ့တာပါ။ ဘယ်သူယုံနိုင်မှာလဲ . . အဲဒီစကားကို ဒါပေမယ့် ပြောတဲ့လူက ပြောနေပြီလေ။ ရင်ခွဲရုံကတောင် အတည်ပြုပေးလိုက်ပြီပဲ။ ဘာတတ်နိုင်မှာလဲ။ မယုံချင်လည်း ယုံရတော့မှာပဲ။ တစ်ညလုံးအိပ်လို့မရဘူးဟာ။ ငါကြောက်ခဲ့တယ်၊ နင့်ကို ဘာလို့လည်းဆိုတော့ နင်က အမြဲစတတ်တာကိုး။ အခုလည်း စတယ်ပဲ မှတ်နေတယ်၊ ငါမှမဟုတ်ပါဘူး။ အကုန်လုံးက လည်း နင်စနေတယ်ပဲ ထင်နေတာပဲလေ။

၉-၄-၂၀၀၈ သဂြိုလ်မည့်ရက်ရောက်နေပြီ။ ဒါပေမယ့် နင်စ နေတယ်လို့ ငါထင်နေတုန်းပဲ။ ရေဝေးတော့ ပို့ခွင့်မရှိလို့ နင် ရေဝေးမရောက်ခဲ့ဘူးပေါ့။ နင် အလောင်းကို ငါတို့ မြင်ရတယ်။ အိပ်နေသလိုပဲ။ တကယ်အိပ်ပျော်နေသလိုပါပဲ။
နင့် ခေါင်းမှာ နင် ရိတ်ခဲ့တဲ့ ကနုတ်ခတ်ပုံ ဆံပင်ကို နင် ရွှေရောင်ဆိုးထားတယ်လေ။ အဲဒီရွှေရောင် အောက်ကနေ ဆံပင် အမဲရောင်လေးတွေထွက်နေတာ အရမ်းကြည့်ကောင်းတယ်၊ နင်သိလား၊ နင်သိမှာမဟုတ်တော့ဘူး။ နင့်ကိုယ်ပေါ်မှာ အဖြူရောင်လည်ကတုံးလက်ရှည်နဲ့ နင်အရမ်းကြိုက်တဲ့ ပုဆိုးအနီရောင်အကွက်စိပ်လေးကို လွှမ်းခြုံပေးထားတယ်။ နင့်ကိုကြည့်ပြီး ဘယ်တုန်းကမှ မျက်ရည်မကျခဲ့တဲ့ အဖွား မျက်ရည်ကျပြီး ငိုခဲ့တယ်။ နင်က မိုက်ခဲ့တာကိုး။ ဒါပေမယ့် နင့်ကို အားလုံးကချစ်ခဲ့ကြပါတယ်။ နင့်ကို မြေချဖို့ပြင်နေပီ။ နင့်အပေါ်လွှမ်းထားတဲ့ အကျီကို ဖယ်လိုက်တဲ့အချိန်ကျမှ နင့်ပုံကို ငါသေချာတွေ့လိုက်တယ်။ နင့်ကို ရင်ခွဲထားတာပဲ။ နင်ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။ နင် တစ်ချိန်ချိန်မှာ တစ်နေရာရာကနေ ပြန်ပေါ်လာမယ်လို့ ထင်ထားခဲ့တဲ့ငါ။ အုတ်ဂူတွေ ကြားထဲကနေများ နင် ထွက်လာမလားလို့ လိုက်ရှာနေမိတဲ့ငါ . . အခုတော့ . . . . . .။ ကျန်ခဲ့ပြီလေ။ နင် ကြောက်တယ်ဆိုတဲ့ နေရာမှာ နင် တစ်ယောက်တည်း ကျန်ခဲ့တယ်။ နင်မကြောက်တော့ဘူးမလား၊ နင့်မှာ ကြောက်စိတ်မရှိတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ နင် လည်း နင်ကြောက်တဲ့ သူတွေလိုပဲ တစ်သားတည်း ဖြစ်သွားခဲ့ပြီပဲ။

သင်္ကြန်အကြိုနေ့ (၁၂)၊ (၁၃)ရက်နေ့ ရက်လည် . . .

သင်္ကြန် အကျ (၁၄) ရက်နေ့ မနက် တစ်ခုခုလိုနေသလိုပဲ။ သင်္ကြန်မနက်ရောက်တိုင်း နင်ဆွဲပြီး ထွက်နေကြ နင့်စက်ဘီးလေးကိုကြည့်ပြီး ဘယ်သူမှ ရေမကစားချင်ကြဘူး။ အကုန်လုံး ၀မ်းနည်း သတိရနေကြတယ်လေ။

သင်္ကြန် အကြတ် (၁၅)ရက်နေ့

နင်ရှိမယ်ဆိုရင် ဒီနေ့ ဘာတွေ လုပ်နေမလဲ . . .စဉ်းစားရင်းပေါ့

သင်္ကြန် အတတ် (၁၆) ရက်နေ့

သင်္ကြန်အတက်နေ့ရောက်နေပြီ။ ဟိုးအရင်နှစ်တွေကဆိုရင် ဒီနေ့လိုနေ့မျိုးမှာ နင့်ကို ဘယ်နေရာမှာ လိုက်ရှာပြီး၊ အိမ်ကိုပြန်ပို့နေလောက်ပြီ။ အားလုံး အတွေးကိုယ်စီနဲ့ပါ။

၇-၄-၂၀၀၉

သင်္ကြန်ရောက်ခါနီးပြီ။ ဘာလိုလိုနဲ့ နင် ငါတို့မိသားစုကနေ ထွက်သွားတာ (၁)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ အမှတ်ရနေဆဲပါ။ သတိရနေဆဲပါ။

၇-၄-၂၀၀၈

ဘ၀အတွက် အမှတ်တရ နေ့လေးတစ်နေ့ပါပဲ။
မေ့မရတဲ့နေ့လည်းဖြစ်တယ်။
မိသားစုတစ်ခုအတွက် အမှတ်တရအဖြစ်ဆုံးနေ့တစ်နေ့ပါပဲ။
နောင်နှစ်ပေါင်းများစွာလည်း သတိရ နေမှာပါ။

Monday, July 20, 2009

ချစ်သူ

I ♥ YOU
နင့်ကိုချစ်တယ်လို့ပြောမှ
ငါချစ်တာကို သိမှာလား . .
မပြောဘဲ နေခဲ့ရင်ကော
ငါ့ရင်ထဲမှာ နင်ရှိနေတာပဲလေ
မပြည့်စုံဘူးလား . . .

နင်သိစေလို

I ♥ YOU
ချစ်သူရေ
ငါဟာမရေရာတဲ့
ဘဝတစ်ခုကိုလျှေက်ရင်းနဲ့
လမ်းပြောက်နေတဲ့သူပါ
ငါကိုယ်ငါဘာမှန်မသိ
ငါဘဝအတွက်
တိကျတဲ့အဖြေကိုရှာရင်နဲ့
တွေဝေနေခဲ့တယ်။
ဘဝမှာ မရေရာ၊ မသေချာ၊တိကျမူတွေမရှိခဲ့ပေမဲ့
ငါရင်ထဲအသဲထဲမှာတိကျတဲ့အဖြေတစ်ခုနဲ့တိကျတဲ့အရာတစ်ခုရှိတယ်
ဘာလည်းဆိုတော့
ငါလေနင်ကိုအရမ်းချစ်တယ်
ဒါကိုတော့.....နင်သိစေလိုတယ်....ချစ်သူ....
ချစ်လွန်း

Sunday, July 19, 2009

ချစ်မိလို့

I ♥ YOU
ချစ်သူရေ

ငါချစ်တာကို..............
နင်မသိဘူးလားဟာ
နင်ငါ့ကိုနားလည်ပါနော်
ငါချစ်တာ နင့်ကိုပါ
ငါအမြဲ နင့်ကို
ခွင့်လွှတ်နေပါတယ်ဟာ...........
ငါနင့်ကိုအရမ်းချစ်နေမိတယ်ဟာ
နင်သိအောင်
ငါမပြောပြနိုင်တာ
ငါ့ကို....................
ငါ့ကို နားလည်မယ်လို့
ငါမျှော်လင့်ပါတယ်
အရမ်းချစ်တယ်