Sunday, July 19, 2009

ချစ်မိလို့

I ♥ YOU
ချစ်သူရေ

ငါချစ်တာကို..............
နင်မသိဘူးလားဟာ
နင်ငါ့ကိုနားလည်ပါနော်
ငါချစ်တာ နင့်ကိုပါ
ငါအမြဲ နင့်ကို
ခွင့်လွှတ်နေပါတယ်ဟာ...........
ငါနင့်ကိုအရမ်းချစ်နေမိတယ်ဟာ
နင်သိအောင်
ငါမပြောပြနိုင်တာ
ငါ့ကို....................
ငါ့ကို နားလည်မယ်လို့
ငါမျှော်လင့်ပါတယ်
အရမ်းချစ်တယ်

ချစ်မိတဲ့စိတ်

I ♥ YOU
မြင်နေပေမယ့် မပြောရဲတဲ့
ငါရဲ့ ပါးစပ်ကိုလည်း မုန်းတယ်။
မမြင်ရင်လည်း တမ်းတမိနေတဲ့
ငါရဲ့စိတ်ကိုလည်း မုန်းတယ်။
စိမ်းကားပေမယ့်
အပြစ်မတင်ရက်တဲ့
ငါရဲ့ နှလုံးသားကိုလည်း မုန်းတယ်။
အမုန်းတွေရဲ့ နောက်ဆုံး
ငါအဖြစ်ချင်ဆုံး အရာကတော့
ငါမင်းကို အရမ်းချစ်ပါတယ်

1500

I ♥ YOU
အချစ်ဆိုတာ
၁၅၀၀ ဆိုတဲ့ မေတာတရားကြီးကို
ပိုင်ဆိုင်ထားတဲ့ အင်အားကြီးတဲ့
အရာတစ်ခုပါ။
အဲဒီအရာကြီးကို
အရင်က မခံစားမိပေမယ့်
အခုအချိန်မှာတော့
အဲဒီအတွက်
ငါ့ရင်မှာ အရမ်းခံစားနေရပြီ

Thursday, July 16, 2009

အဝေးကချစ်သူသို့

I ♥ YOU
မင်းကို ဘာကြောင့် ငါ သတိရနေရတာလဲ
တွေးကြည့်တိုင်း ရေရာမှုမရှိတဲ့အဖြေတွေကြားမှာပဲ
မင်းကို ဘာကြောင့် ငါလွမ်းရတာလဲ
တွေးကြည့်တိုင်း ရေရာမှုမရှိတဲ့အဖြေတွေကြားမှာပဲ
မင်းကို ဘာကြောင့် ချစ်မိရတာလဲ
တွေးကြည့်တိုင်း ရေရာမှုမရှိတဲ့အဖြေတွေကြားမှာပဲ

ဘာကြောင့်ချစ်မိတယ်ဆိုတာတော့ သေချာမသိပေမယ့်
ငါသိတာတစ်ခုကတော့ မင်းကို ငါအရမ်းချစ်မိခဲ့ပြီလေ . .
အဝေးက ချစ်သူသို့

Tuesday, July 14, 2009

ရူးမိုက်ခြင်းရဲ့ ဆန္ဒ

မြင်တွေ့ခြင်တာက......မင်းရုပ်လွှာ

ကြားချင်မိတာက ......မင်းအသံ

နေချင်မိတာက..........မင်းအနား

ဒါပေမဲ့......ဘဝကံတရားက

ပိုင်းခြားထားတော့၊အလွမ်းဆိုတဲ့

ဒုထည်ကြီးကိုရင်မှာပိုက်

ဘယ်တော့မှနီးရမလဲဆိုတဲ့

အတွေးအိမ်မက်မှုန်ဝါးဝါးတွေကြားမှာ

ရူးမိုက်စွာပျော်ပိုက်နေတဲ့...“ငါ့ ” အတွက်

နောက်ဆုံးမင်းစီက ရရှိလိုက်တာက အပြုံးလေးတစ်ချက်ပါ.....ချစ်သူ....

ငါချစ်မိသူအား I love you လို့ပြောမိတဲ့အချိန်တိုင်း သူ့စီက ပြန်ရတာ Me2 ပါတဲ့

စမ်းချောင်းငယ်

ရင်မှာ စမ်းချောင်းငယ်တစ်ခုရှိတယ်
အမုန်းမြစ်ထဲကို စီးဝင်သွားတယ်
ဒေါသလှိုင်းတွေကြောင့် အချစ်လှေလေးပျက်ခဲ့ရတယ်
ဒါပေမယ့် လှေလေးဟာ စိတ်မဆိုးခဲ့ဘူး
ဘာလို့လည်းဆိုတော့ တစ်ချိန်တုန်းက သူဟာ လှိုင်းလေးတွေကို နှိပ်စက်ခဲ့လို့ပဲ . . .