Sunday, August 15, 2010
ရေရာမှုမရှိ
တစ်ခါတစ်လေ သတိရမိတိုင်း မျက်ရည်ကျမိတယ်
တစ်ခါတစ်လေ လွမ်းမိတိုင်း မျက်ရည်ကျမိတယ်
တစ်ခါတစ်လေ ငါကိုယ်ငါပြန်စဉ်းစားတယ်
ကိုယ့်ဏှလုံးသားကိုလည်း ကိုယ်အံ့သြမိပါရဲ့
ကိုယ့်ကိုမချစ်တဲ့သူအတွက်များ ဒီလောက်ထိ ခံစားနေရတယ်လို့
ကိုယ့်ကိုမချစ်တဲ့သူအတွက် ဘာမှခံစားနေစရာမလိုဘူးလို့ ငါထင်တယ်
ချစ်လွန်းသူဖြိုး
Sunday, August 8, 2010
စိတ်ဖြေ
(ပ)
စိတ်ပန်း၊လူပန်း
မရွှင်လန်းနဲ့
ချိနွဲ့ပျော့ကျ
အမောရလည်း
အားမလျှော့နဲ့
စိတ်အားခိုင်ခိုင်
မယိုင်လဲစေနဲ.
သောကမကြုံ
ဘဝမစုံ....သတဲ့....
(ဒု)
စိတ်အားချင်းပြိုင်
နိုင်လိုသမူ
ထိုအစုအား
ချွတ်ချော်တွေးခေါ်
အတွေးချော်၍
တုနိုင်းလာသော်
ခွင့်လွတ်သည်းခံ
စိတ်အမှန်ဖြင့်
မေ့တ္တာရှေ့ထပ်
ပေးဆပ်၍သာ
တက်လမ်းဘဝ
ရှေ့ဆက်ရ၏.......
.......ချစ်လွန်းသူ....
နင်စိတ်ညစ်နေတယ်ဆိုလို့နော်...ငါသိမ်းထားတဲ့ကဗျာလေး နင့်အတွက်လက်ဆောင်ပေးလိုက်တယ်နော်...မွေးနေလက်ဆောင်ပေါ့...ဒီလ(၃၁)ရက်နေ့ကနင့်မွေးနေ့နော်....မွေးလမှာပျော်ပျော်နေပါဟာနော်.....
Saturday, August 7, 2010
လောကကြီးရဲ့ နိယာမ
စိတ်ညစ်တိုင်း
ဘာတွေ အံချဖွင့်ထုတ်ရမှာလဲ
စဉ်းစားရင်းသာ ခေါင်းခြောက်သွားမယ်
အဖြေကထွက်မလာဘူး . . .
စိတ်ညစ်တိုင်း
ကိုယ်လုပ်ချင်တာတွေ
ကိုယ်လုပ်နေပြန်တော့
ပတ်ဝန်းကျင်က ပြောပြန်ရော
အဲဒီအခါ ပတ်ဝန်းကျင်ကိုပဲ ဂရုစိုက်ရမှာလား
ကိုယ်စိတ်ဖြေအောင်ပဲနေရမှာလား . .
ဘာတွေလဲ. . .
ဘာကိုမှဂရုမစိုက်ဘဲ နေလိုက်တော့
ငါရလိုက်တာက ဂျစ်ကန်ပေတေပီး သောက်ချိုးမပြေတဲ့သူတဲ့
........................................
ချစ်လွန်းသူဖြိုး
Tuesday, August 3, 2010
အပြာရောင်စိတ်ကူး

င့ါဟာအပြာရောင်
စာလုံးတွေနဲ့
ငါ့စိတ်ကူးတွေကို
ရေချယ် ပုံဖော်မှီတယ်
အပြာရောင်ဆိုတာ
ငြိမ်းချမ်းရေနယ်နိမိတ်ရယ်လို့
အများကသတ်မှတ်ကျတယ်
မင်းကြောင့်ပူလောင်နေတဲ့
ငါ့ရင်ခွင်နန်းတော်
ကြီးကိုလည်း ဖြစ်နိုင်မယ်ဆိုရင်
မင်းရဲ့လက်နှစ်ဖက်နှင့်
အပြာရောင်တွေ
သုတ်လိမ်း အေးချမ်းမူတွေ
ပေးပါတော့လား....ချစ်သူရယ်....
......ချစ်လွန်းသူ......
Monday, August 2, 2010
စွဲလမ်းစိတ်

ချစ်သူရေ...
ချစ်ပါတယ်လို့
အကြိမ်ကြိမ်ပြောခဲ့တာလည်း
မင်းအသိပါ....
ငါ့အသည်းနှလုံးကို မင်းက
ခဏတာခူးချွေ
နင်းချေခဲ့ပေမဲ့
မင်းပြုသမျှ နုခဲ့ရတဲ့
ငါ့ဘဝမှာ နာကြင်နေယုံလွဲလို့
နာကြီးမူဆိုတာတော့
အခုအချိန်အထိ မရှိသေးတာတော့
အမှန်ပဲ....
ဒါပေမဲ့မင်သိစေချင်တယ်
ချစ်သူ....မင်းရဲ့ ဥပစ်ကာတွေကြောင့်
ငါ့မျက်ရည်တွေခမ်းခြေက်
သွားနိုင်ပေမဲ့....ငါ့မင်းကိုချစ်တဲ့
အချစ်တွေရယ်
သံယောဇဉ်တွေကတော့
တိုက်ဆိုင်မူတွေရှိလာတိုင်း
သတိရနေမှာပါ...ချစ်သူ......
.......ချစ်လွန်းသူ..........
Sunday, August 1, 2010
လွဲမှားခြင်း
ငါမင်းကိုသတိရနေတဲ့အချိန်
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို သတိရနေတယ်
ငါမင်းကို လွမ်းနေချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို လွမ်းနေတယ်
ငါမင်းကို တမ်းတချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တမ်းတနေတယ်
ငါမင်းကို တွေ့ချင်နေတဲ့အချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ကို တွေ့ချင်နေတယ်
ငါမင်းကို အိမ်ပြန်ချိန်တိုင်း နမ်းခဲ့တဲ့ မင်းပါးပြင်ကို
အခုချိန်မှာ
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်က မင်းရဲ့ပါးပြင်ကို နမ်းနေလောက်ပီပေါ့
ငါမင်းကိုတွဲခဲ့၊ ကမ်းခဲ့ တဲ့လက်တွေနေရာမှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်ယောက်ကို မင်းရဲ့ လက်တွေတွဲခဲ့၊ ကမ်းခဲ့ ပြီပေါ့
ငါမင်းကို ဘ၀ကိုအတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ချိန်မှာ
မင်းကတော့
ငါမဟုတ်တဲ့ တခြားတစ်ယောက်နဲ့ ဘ၀ကိုအတူတူရင်ဆိုင်ချင်နေတယ်
ဒါလေးပါပဲ မင်းနဲ့ ငါနဲ့လွဲမှားခြင်းက
အဲဒီ လွဲမှားခြင်းတွေဟာ
ဘယ်တော့မှ
မလွဲမှားခြင်းဆိုတာ ပြန်မဖြစ်နိုင်တော့တဲ့အရာတွေပေါ့
အဲဒီလွဲမှားခြင်းကြောင့်ပဲ မင်းနဲ့ ငါနဲ့ ဝေးခဲ့ရတာ
အဲဒီလွဲမှားခြင်းတွေကြောင့်ပဲ . . .
ချစ်လွန်းသူဖြိုး
Sunday, July 25, 2010
အတ္တအချစ်
အချစ်နဲ့အတ္တ .....ထပ်တူကျတယ်လို့
ဆိုရင်ဆိုရမလားပဲ.......
မင်းကငါ့ကို .........မခင်တွယ်ခဲ့ပေမဲ့
ငါကတော့မင်းကို.....သံယောဇဉ်ဆိုတဲ့
ကြိုးနဲ့တုတ်နှောင်ရစ်နွယ်နေတုန်းပဲ
မင်းကငါကိုမချစ်မှန်.....ငါသိနေပေမဲ့
မျှော်လင့်ခြင်းတွေနဲ့.....စောင့်မျှော်နေတုန်းပဲ
မင်နဲ့ပတ်သက်ခဲ့တဲ့.....အရာတွေအားလုံးဟာ
မင်းအတွက်အမှတ်တမယ့်တွေဖြစ်သွားပေမဲ့
ငါအတွက်တော့အရာရာတိုင်းဟာ
ငါ့အတ္တစွဲ .....ဒီငနဲကြောင့်
အသက်ဝင်လှုပ်ရှား .....အမှတ်တရတွေ
ဖြစ်နေတုန်းပဲဆိုတာ မင်းတကယ်မသိခဲဘူးနော်......
ချစ်လွန်းသူ